မြန်မာနိုင်ငံတစ်ဝှမ်းမှ ကျောင်းသားထုအကြား သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာစွမ်းရည်များ(STEM Skills) နှင့် ရင်းနှီးကျွမ်းဝင်မှုကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပသော မြန်မာနိုင်ငံတွင် ပထမဆုံး အကြီးဆုံးမြန်မာ့စက်ရုပ်ပြိုင်ပွဲ (၂၀၁၉)ကို ပညာရေး ဝန်ကြီးဌာန၊ USAID၊ ပါမောက္ခချုပ်များကော်မတီ၊ ဖန်တီးရာအဖွဲ့တို့ ပူးပေါင်းပံ့ပိုးမှုဖြင့် ၂၀၁၉ ခုနှစ် ဇွန်လ (၁) ရက်နေ့တွင် ရန်ကုန်မြို့ သိမ်ဖြူမိုးလုံလေလုံ (လက်ဝှေ့)အားကစားရုံ၌ ကျင်းပခဲ့ပါသည်။
အဆိုပါ Myanmar Robo League 2019 ပြိုင်ပွဲသို့ မြန်မာနိုင်ငံအတွင်းရှိ ကွန်ပျူတာ တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ် အသီးသီးတို့မှ ပြည်နယ်နှင့်တိုင်းဒေသကြီး (၁၄) ခု အတွက် ကိုယ်စားပြု အသင်းတစ်သင်းစီ စုစုပေါင်း (၁၄) သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။
ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) မှ Mentor အဖြစ် မောင်မောင်ဦး၊ တတိယနှစ် (ကွန်ပျူတာနည်းပညာ)သင်တန်း ကဦးဆောင်၍ Participant များအဖြစ် မောင်ကျော်မင်းထက်၊ တတိယနှစ်(ကွန်ပျူတာနည်းပညာ)၊ မောင်အောင်စည်သူ၊ ဒုတိယနှစ်(ကွန်ပျူတာသိပ္ပံ)၊ မအေးအေးဝင်း၊ ဒုတိယနှစ်(ကွန်ပျူတာသိပ္ပံ)၊ မဆုမြတ်စံ၊ ဒုတိယနှစ်(ကွန်ပျူတာသိပ္ပံ)၊ မရွှေစင်ဥ၊ ဒုတိယနှစ်(ကွန်ပျူတာသိပ္ပံ) တို့သည် ရခိုင်ပြည်နယ်ကို ကိုယ်စားပြု၍ Team Rakhine အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ကာ
Best Strategy Award ဆုကို ရရှိခဲ့ပြီး အသင်း (၁၄) သင်းတွင် ရမှတ် ၄၁၇၀ ဖြင့် အဆင့်(၃) နေရာတွင် ရပ်တည်ခဲ့ပါသည်။



