Chat with us, powered by LiveChat

ဆရာကန်တော့ပွဲကျင်းပ

ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ် သင်တန်းများ၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပထမနှစ်သင်တန်းများ၊ ဒုတိယနှစ်သင်တန်းများနှင့် တတိယနှစ်သင်းများ၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပဉ္စမနှစ်သင်တန်းများမှ ကျောင်းသားကျောင်းသူများ၏ ဆရာကန်တော့ပွဲကို ၂၆-၈-၂၀၂၂ ရက်နေ့ နံနက်ပိုင်းက ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) စုဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ ရှေးဦးစွာ တတိယနှစ် ကျောင်းသူလေးများက မြတ်ဆရာတေးသီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ကျောင်းသားကျောင်းသူများက ကန်တော့ချိုးဖြင့်ကန်တော့ပြီးကန်တော့လက်ဆောင်ပစ္စည်းများပေးအပ်ကာ ဒုတိယပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများကိုယ်စား ဆရာတစ်ဦးက ဆုံးမဩဝါဒစကားပြောကြားခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်