Chat with us, powered by LiveChat

ကျောင်းပြောင်းရွှေ့လျောက်ထားခြင်းဆိုင်ရာသိမှတ်စရာများ

၂၀၁၉ခုနှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ ဝင်ခွင့်အပြောင်းအရွှေ့ ဆောင်ရွက်ရန် သတ်မှတ်ချက်များ
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

(၁) သီးခြားဝင်ခွင့်ခေါ်ယူသည့် တက္ကသိုလ်အချင်းချင်း အပြောင်းကိစ္စများအား သက်ဆိုင်ရာ တက္ကသိုလ်များက ဆောင်ရွက်ရပါမည်။ ***(ပြောင်းရွှေ့လိုသူများသည် မိမိဝင်ခွင့်ရရှိထားသော ကျောင်းနှင့် ဆက်သွယ်ဆောင်ရွက်ရန် ဖြစ်ပါသည်)***
.
(၂) နည်းပညာတက္ကသိုလ်အချင်းချင်း၊ ကွန်ပျူတာတက္ကသိုလ်အချင်းချင်း အပြောင်းကိစ္စများအား ယခင်နှစ်အတိုင်း သက်ဆိုင်ရာ တက္ကသိုလ်က ဆောင်ရွက်ရပါမည်။
***(ပြောင်းရွှေ့လိုသူများသည် မိမိဝင်ခွင့်ရရှိထားသော ကျောင်းနှင့် ဆက်သွယ်ဆောင်ရွက်ရန် ဖြစ်ပါသည်)***
သတ်မှတ်ချက်များ
~~~~~~~~~~~~~~
(က) Catchment Area (တိုင်းဒေသကြီး/ပြည်နယ်)အတွင်းမှ ကျောင်းသား၊ ကျောင်းသူများဖြင့် လက်ခံသည့်ဦးရေပြည့် ရရှိထားသည့် တက္ကသိုလ်များသည် အပြောင်းလျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူသည် Catachment Area (တိုင်းဒေသကြီး/ပြည်နယ်)အတွင်းမှ ဖြစ်ပါက သက်ဆိုင်ရာ တက္ကသိုလ်၏ ဝင်ခွင့်ပြု အနိမ့်ဆုံးအမှတ်ပြည့်မီလျင် ခွင့်ပြုပေးရန် (သို့) စဉ်းစားပေးရန်
(ခ) Catchment Area (တိုင်းဒေသကြီး/ပြည်နယ်)အတွင်းမှ ကျောင်းသား၊ ကျောင်းသူများလက်ခံပြီးသည့်နောက် တက္ကသိုလ်က လက်ခံနိုင်သည့် ဦးရေမပြည့်သဖြင့် Catchment Area ပြင်ပရှိ တိုင်းဒေသကြီး/ပြည်နယ်များမှ ကျောင်းသား ကျောင်းသူများဖြင့် လက်ခံသည့် ဦးရေပြည့် ရရှိထားသည့် တက္ကသိုလ်များသည် အပြောင်းလျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူသည် Catachment Area (တိုင်းဒေသကြီး/ပြည်နယ်)အတွင်းမှ ဖြစ်ပါက သက်ဆိုင်ရာ တက္ကသိုလ်၏ ဝင်ခွင့်ပြု အနိမ့်ဆုံးအမှတ်ပြည့်မီလျင် ခွင့်ပြုပေးရန် (သို့) စဉ်းစားပေးရန်နှင့် Catchment Area ပြင်ပမှ ပြောင်းရွှေ့လာသည့် ကျောင်းသား၊ ကျောင်းသူများအား ခွင့်မပြုရန်၊ မစဉ်းစားရန်
(ဂ) Catchment Area (တိုင်းဒေသကြီး/ပြည်နယ်)အတွင်းမှ ကျောင်းသား၊ ကျောင်းသူများလက်ခံပြီးသည့်နောက် တက္ကသိုလ်က လက်ခံနိုင်သည့် ဦးရေမပြည့်သဖြင့် Catchment Area ပြင်ပရှိ တိုင်းဒေသကြီး/ပြည်နယ်များမှ ကျောင်းသား ကျောင်းသူများဖြင့် လက်ခံသည့်တိုင်အောင် သတ်မှတ်ဦးရေပြည့်အောင် မရသည့် တက္ကသိုလ်များသည် မည်သည့်ဒေသမှဖြစ်စေ ဝင်ခွင့်ပြုအနိမ့်ဆုံးအမှတ်မီလျင် ခွင့်ပြုရန် (သို့) စဉ်းစားရန်
.
***(မူလကတည်းက သတ်မှတ်ဦးရေပြည့်ပြီးသား ကျောင်းများအတွက် သတ်မှတ် တိုင်းဒေသကြီး/ပြည်နယ်အတွင်းမှ ကျောင်းသားများကိုသာ ပြောင်းရွှေ့လာခွင့် စဉ်းစားပါမည်။ တိုင်းခြား/ပြည်နယ်ခြား ကျောင်းသားများကို ပြောင်းရွှေ့လက်ခံခွင့်မပြုပါ။ မူလသတ်မှတ်ဦးရေ မပြည့်မီသေးသည့် ကျောင်းများသို့ မည်သည့်ဒေသမှမဆို ပြောင်းရွှေ့ခွင့်လျှောက်ထားနိုင်ပါသည်။ ပြောင်းရွှေ့လျှောက်ထားလိုသည့် ကျောင်း၏ အနိမ့်ဆုံးဝင်ခွင့်ရမှတ် သတ်မှတ်ချက်ကို ပြည့်မီရန် လိုပါသည်)***
.
ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်အချင်းချင်း၊ စီးပွားရေးတက္ကသိုလ် (မုံရွာ၊ မိတ္ထီလာ)အချင်း ကျောင်းပြောင်းကိစ္စများအား သက်ဆိုင်ရာ တက္ကသိုလ်များက ဆောင်ရွက်ရပါမည်။
***(ပြောင်းရွှေ့လိုသူများသည် မိမိဝင်ခွင့်ရရှိထားသော ကျောင်းနှင့် ဆက်သွယ်ဆောင်ရွက်ရန် ဖြစ်ပါသည်)***
………………………………………………..
တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့က ဆောင်ရွက်မည့် ကျောင်းပြောင်း ကိစ္စရပ်များမှာ –
(၁) ဆေးတက္ကသိုလ်နှင့် ဆေးနှီးနွယ်တက္ကသိုလ်များမှ သီးခြားဝင်ခွင့် ဆောင်ရွက်သည့် တက္ကသိုလ်များ (ရန်ကုန်တက္ကသိုလ်မပါ)၊ မုံရွာစီးပွားရေးတက္ကသိုလ်၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များနှင့် ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်များသို့ ပြောင်းခြင်း
***(အခြားဝန်ကြီးဌာနများရှိတက္ကသိုလ်များမှ ပညာဝန်ကြီးဌာနရှိ တက္ကသိုလ်များသို့ ပြောင်းရွှေ့လျှောက်ထားခြင်း)***
(၂) သီးခြားဝင်ခွင့်ဆောင်ရွက်သည့် တက္ကသိုလ်များမှ မုံရွာစီးပွားရေးတက္ကသိုလ်၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များနှင့် ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်များသို့ ပြောင်းခြင်း
***(သီးခြားဝင်ခွင့်ခေါ်ယူသည့် တက္ကသိုလ်များမှ ပုံမှန်တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာဖြင့် ခေါ်ယူသည့် တက္ကသိုလ်များသို့ ပြောင်းခြင်း)***
(၃) မုံရွာစီးပွားရေးတက္ကသိုလ်၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များနှင့် ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်များမှ သီးခြားဝင်ခွင့်ဆောင်ရွက်သည့် တက္ကသိုလ်များသို့ ပြောင်းခြင်း
***(ပုံမှန်တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာဖြင့် ခေါ်ယူသည့် တက္ကသိုလ်များမှ သီးခြားဝင်ခွင့်ခေါ်ယူသည့် တက္ကသိုလ်များသို့ ပြောင်းခြင်း)***
(၄) မုံရွာစီးပွားရေးတက္ကသိုလ်၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များနှင့် ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်များ အပြန်အလှန်ပြောင်းခြင်း
(၅) ပညာရေးကောလိပ်များမှ သီးခြားဝင်ခွင့် ဆောင်ရွက်သည့် တက္ကသိုလ်များ (ရန်ကုန်တက္ကသိုလ်မပါ)၊ မုံရွာစီးပွားရေးတက္ကသိုလ်၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များနှင့် ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်များသို့ ပြောင်းခြင်း
(၆) ပုံမှန်နေ့သင်တန်း တက္ကသိုလ်များအားလုံး (ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်များမပါ)မှ အဝေးသင်သို့၊ အဝေးသင်မှ ပုံမှန်နေ့သင်တန်း တက္ကသိုလ်များအားလုံး (ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်များမပါ) သို့ ပြောင်းခြင်း
(((((((((အဆိုပါ အပြောင်းအရွှေ့များအတွက် မူလဝင်ခွင့်ရတက္ကသိုလ်တွင် ကျောင်းဝင်မှတ်ပုံတင်ထားခြင်း မရှိကြောင်း ထောက်ခံစာရယူတင်ပြရန် လိုအပ်ပါသည်))))))))))

ကျောင်းပြောင်းကိစ္စနှင့်ပတ်သက်၍ သိရှိထားသင့်သည့် အချက်များ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
* မည်သည့်ကျောင်းမှ မည်သည့်ကျောင်းသို့ ပြောင်းလိုသည် ဖြစ်စေ မိမိမူလ ဝင်ခွင့်ရရှိထားသည့် ကျောင်းနှင့် ပထမဦးဆုံး ဆက်သွယ်ဆောင်ရွက်ရန် လိုအပ်ပါသည်။
* မိမိပြောင်းလိုသည့် ကျောင်း၏ အနိမ့်ဆုံးဝင်ခွင့် သတ်မှတ်ချက်နှင့် အထက်ဖော်ပြပါ ကျောင်းအလိုက် သတ်မှတ်ချက်များနှင့် ကိုက်ညီရန် လိုအပ်ပါသည်။
* ကျောင်းပြောင်းရွှေ့ခွင့်မှာ သတ်မှတ်ချက်များကိုက်ညီရမည့် အပြင် ပြောင်းရွှေ့လိုသည့် ကျောင်း၏ စာသင်ခန်းနှင့် ဆရာအင်အားအပေါ်မူတည်ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်