Chat with us, powered by LiveChat

ဦးတင်မောင်တက္ကသိုလ်ပညာသင်ဆုကြေညာချက်

ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၌ ပထမနှစ် သင်တန်းတက်ရောက်လျက်ရှိသည့် ၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲအောင် ကျောင်းသား ကျောင်းသူများကို ဦးတင်မောင် တက္ကသိုလ်ပညာသင်ဆုချီးမြှင့်ရေးကော်မတီမှ စိစစ်ရွေးချယ်ပြီး ဘွဲ့ရသည်အထိ ပညာသင်ဆုများကို ချီးမြှင့်သွားမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ မိသားစုစီးပွားရေးအရ ပညာသင်ကြားရန် အခက်အခဲရှိကြသော ကျောင်းသား ကျောင်းသူများသည် ပညာသင်ဆုလျှောက်လွှာများကို ကျောင်းသားရေးရာဌာနတွင် အခမဲ့ရယူ၍လည်းကောင်း၊ http://www.ucssittway.edu.mm မှ download ရယူ၍လည်းကောင်း ဖြည့်စွက်ပြီး
ဦးတင်မောင်တက္ကသိုလ်ပညာသင်ဆုချီးမြှင့်ရေးကော်မတီ၊ ၃၁ လမ်း၊ ၇၇ x ၇၈ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့၊ ဖုန်း ဝ၂-၄၀၆၁၆၅၁၊ ဝ၉-၂၆၅၃၈၉၉၅၁ သို့ (၉-၄-၂၀၂၀) ရက်နေ့ အရောက်ပေးပို့လျှောက်ထားနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်