Chat with us, powered by LiveChat

ပထမအကြိမ် ပရောဂျက်ပြပွဲနှင့် ပရိုဂရမ်းမင်းပြိုင်ပွဲ

ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)၊ The First Project Show and Programming Contest ကို ၂၁-၂-၂၀၂၀ ရက်နေ့ နံနက် ၈း၃၀ နာရီတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဒေါက်တာချမ်းသာနှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာဇော်ထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲပါသည်။
ထို့ နောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးညီပုနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူတို့သည့် ကျောင်းသား ကျောင်းသူများ၏ Project များပြသထားရှိမှုများကိုလည်းကောင်း၊ Programming Contest တွင် ပါဝင်ယှဉ်ပြိုင်နေသည့် အသင်းများကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးခဲပါသည်။
ယနေ့ ကျင်းပသည့် The First Project Show and Programming Contest တွင် ကျောင်းသားကျောင်းသူများ၏ Project ပေါင်း (၁၈) ခု ပါဝင်ပြသထားရှိပြီး Programming Contest တွင် တစ်သင်းလျှင် (၃) ဦးဖြင့် အသင်းပေါင်း (၂၆) သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိနေပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်