Chat with us, powered by LiveChat

World Asian Business Case Competition 2020 ကြေညာချက်

World Asian Business Case Competition 2020
ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့၊ Sungkyunkwan University၊ Academy of Asian Business (AAB) မှ ၂၀၂၀ ပြည့်နှစ်၊ (၈-၈-၂၀၂၀) ရက်နေ့ မှ (၁၀-၈-၂၀၂၀) ရက်နေ့အထိ ကျင်းပမည့် The World Asian Business Case Competition, WACC 2020 အစီအစဉ်သို့
ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။
ဝင်ရောက်ယှဉ်ပြိုင်မည့်သူများသည် အသင်းတစ်သင်းတွင် အကြံပေးအပါအဝင် အသင်းသား (၂)ဦး မှ (၄) ဦးအထိ ပါဝင်နိုင်ပါသည်။
ခေါင်းစဉ်များကို လေ့လာရန်နှင့် ယခင်ပြိုင်ပွဲဆုရရှိသူများစာရင်းကို http://www.aabworld.org/take_action/testimonials.php တွင် ကြည့်ရှုနိုင်ပါသည်။
ဆုရရှိသူ ကျောင်းသားများအနေဖြင့် Samsung ကဲ့သို့သော အာရှထိပ်တန်းကုမ္ပဏီများသို့ သွားရောက်လေ့လာခွင့်ရရှိမည့်ဖြစ်ပါသည်။
ဆိုးလ်မြို့တွင်နေထိုင်ခွင့် (သို့မဟုတ်) ရှန်ဟိုင်း၊ ပေကျင်း၊ တိုကျို စသည့် အခြားမြို့များသို့လည်း လေ့လာရေးသွားရောက်ရမည့် အခွင့်အလမ်းများ ရရှိမည်ဖြစ်ပါသည်။
၁-၄-၂၀၂၀ ရက်နေ့ အထိ Proposal အား သက်ဆိုင်ရာသို့ တိုက်ရိုက်ပေးပို့လျှောက်ထားနိုင်ပါသည်။ အဓိကမူကြမ်းကို (၁-၆-၂၀၂၀) ရက်နေ့ နောက်ဆုံးထား၍ တင်သွင်းရမည်ဖြစ်သည်။
ဆုရရှိသူများစာရင်းကို (၁၂-၆-၂၀၂၀) ရက်နေ့၌ ကြေညာပေးမည်ဖြစ်သည်။
Final Competition တွင် နေရာထိုင်ခင်း စီစဉ်ပေးမည်ဖြစ်ပါသည်။
စိတ်ပါဝင်စားသည့် ကျောင်းသားကျောင်းသူများ လျှောက်ထားနိုင်ပါကြောင်းနှင့် လျှောက်ထားသူများစာရင်းကို ကျောင်းသားရေးရာသို့ (၃၁-၃-၂၀၂၀) ရက်နေ့ နောက်ဆုံးထား စာရင်းပေးပို့ပေးပါရန်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်