Chat with us, powered by LiveChat

ITU Innovation Challenges 2020

အပြည်ပြည်ဆိုင်ရာကြေးနန်းအဖွဲ့ချုပ် (အိုင်တီယူ) မှ ကြီးမှူး၍ ဒုတိယအကြိမ်မြောက် ITU Innovation Challenges 2020 ပြိုင်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ITU Innovation Challenges 2020 ကို “The Digital Change-maker Challenge” ၊ “The Ecosystem Best Practice Challenge” နှင့် “The Women in Tech Challenge”  ဟူ၍Category (၃)မျိုးဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်သူတစ်ဦးလျှင် Challenge တစ်ခုသာ ရွေးချယ် ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။ ပြိုင်ပွဲနှင့်စပ်လျဉ်းသည့် Information များကို https://innovation.itu.int တွင်လည်းကောင်း၊ Application Criteria နှင့် Guidelines များကို https://cocreate.itu.int တွင်လည်းကောင်း ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။

၃၁-၇-၂၀၂၀ ရက်နေ့ နောက်ဆုံးထား၍ Final Submission ပေးပို့ လျှောက်ထား ရမည်ဖြစ်သည်။

ကမ္ဘာတစ်ဝန်းပြိုင်ပွဲဝင်များအနက်မှ Category (၁) မျိုးစီအတွက် ဆုရရှိသူ (၅)ဦးစီအား ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ အစောပိုင်းတွင် ရွေးချယ်ကြေညာပေးသွားမည်ဖြစ်ပြီး ဆုရရှိသူများအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလအတွင်း

ကျင်းပပြုလုပ်မည့် “Global Innovation Forum” ဆွေးနွေးပွဲကာလအတွင်း ထည့်သွင်းကျင်းပမည့် Capacity Building Workshops အလုပ်ရုံဆွေးနွေးပွဲများသို့ ဖိတ်ကြားခံရမည့်အခွင့်အရေးနှင့် နိုင်ငံတကာမှ Experts များ၊ Decision Makers များ၊ Technology Leader များနှင့်အတွေ့အကြုံများ ဖလှယ်သွားနိုင်မည့် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ပါသည်။

သို့ရာတွင် ယခုလက်ရှိကမ္ဘာ့နိုင်ငံအနှံအပြားတွင် COVID-19 ဖြစ်ပွားနေမှု အခြေအနေများကြောင့် ဆွေးနွေးပွဲအား Online Event အဖြစ်သာ ကျင်းပသွားမည်ဖြစ်သည်။

သို့ဖြစ်ပါ၍ ITU Innovation Challenges 2020 ပြိုင်ပွဲသို့ စိတ်ပါဝင်စား၍ သတ်မှတ်ချက်များနှင့်ကိုက်ညီသူလျှောက်ထားလိုသူများအနေဖြင့် သတ်မှတ်ရက်မတိုင်မီ သက်ဆိုင်ရာ website သို့ ပေးပို့လျှောက်ထားနိုင်ပါကြောင်းနှင့် လျှောက်ထားသည့် အကြောင်းကို ကျောင်းသားရေးရာဌာနသို့ ၅-၇-၂၀၂၀ ရက်နေ့ နောက်ဆုံးထား ပေးပို့တင်ပြပါရန် အသိပေးပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်