Chat with us, powered by LiveChat

ပညာသင်ထောက်ပံ့ကြေးလျှောက်ထားနိုင်ကြောင်းကြေညာချက်

ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)

ပညာသင်ထောက်ပံ့ကြေးလျှောက်ထားနိုင်ကြောင်းကြေညာချက်

၁။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် (၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်) ကွန်ပျူတာတက္ကသိုလ် (စစ်တွေ) တွင် ပထမနှစ် တက်ရောက်နေသော ကျောင်းသားကျောင်းသူများအား ပညာသင် ထောက်ပံ့ကြေး (တစ်လလျှင် ၃၀ဝ၀ဝ ကျပ်ဖြင့် ၁၀ လ) ကို စိစစ်ရွေးချယ်ချီးမြှင့်မည်ဖြစ်သည်။

၂။ ပညာသင်ထောက်ပံ့ကြေးလျှောက်ထားလိုသူများသည် ပညာသင် ထောက်ပံ့ကြေးလျှောက်လွှာပုံစံကို ကျောင်းသားရေးရာ

ဌာနတွင် အခမဲ့ ရယူ၍လည်းကောင်း၊  ဤတက္ကသိုလ်၏ အင်တာနက် စာမျက်နှာ http://www.ucssittway.edu.mm/wp-content/uploads/2020/07/2019_Stipend_Application_Form_001.pdf  မှ download ပြုလုပ်၍လည်းကောင်း ရယူဖြည့်စွက်ပြီး ၁၄-၈-၂၀၂၀ ရက် (သောကြာနေ့) နောက်ဆုံးထား၍ ကျောင်းသားရေးရာ ဌာနတွင် ပြန်ည်တင်သွင်းရမည်ဖြစ်ပါသည်။

ပညာသင်ထောက်ပံ့ကြေးလျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့်အချက်များ
(၁) လိုင်စင်ဓာတ်ပုံ (၃)ပုံ၊ မိသားစုဓာတ်ပုံနှင့် နေအိမ်ဓာတ်ပုံ
(၂) မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်းစာရင်းမိတ္တူ
(၃) ပညာသင်ဆုလျှောက်ထားသောအခြားအဖွဲပအစည်းနှင့်ပုဂိုလ်များ
(၄) မိမိကိုယ်တိုင်ပညာသင်ထောက်ပံ့ကြေးလျှောက်ထားခြင်းအကြောင်း ရှင်းလင်းတင်ပြချက် (ကိုယ်တိုင်လက်ရေးဖြင့်)
(၅) ကျောင်းပြင်ပလှုပ်ရှားမှုနှင့် အောင်မြင်မှုများ (အထောက်အထားမိတ္တူ)
(၆) ဘဝရည်မှန်းချက် (ကိ်ုယ်တိုင်လက်ရေးဖြင့်)

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်