Chat with us, powered by LiveChat

ASEAN – India Hackathon 2020

၁။ အာဆီယံအဖွဲ့ဝင် နိုင်ငံများအားလုံးနှင့်အတူ ဒေသတွင်းရှိလူငယ်များအား အလုပ်အကိုင် အခွင့်အလမ်းများပေးအပ်ခြင်းနှင့် လူ့အဖွဲ့အစည်းတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် ရည်ရွယ်၍ ASEAN – India Hackathon 2020 ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၂၄) ရက်နေ့မှ (၂၆) ရက်နေ့အထိ အွန်လိုင်းစနစ်ဖြင့် ကျင်းပမည်ဖြစ်ပါသည်။

၂။ အဆိုပါ ASEAN – India Hackathon 2020 သို့ အာဆီယံအဖွဲ့ဝင် တစ်နိုင်ငံချင်းစီမှ ကျောင်းသား၊ ကျောင်းသူ (၃၀) ဦးနှင့် ဆရာ၊ ဆရာမ (၁၀)ဦး ပါဝင်ရမည်ဖြစ်ပါသည်။

၃။ ပြိုင်ပွဲဝင်အသင်းများအတွက် အဖွဲ့လိုက်လုပ်ဆောင်ရန် IT နယ်ပယ်သာမက အခြားနယ်ပယ်များမှလည်း မိမိတို့လူ့အဖွဲ့အစည်းတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် ပြဿနာများကို ဖြေရှင်းနိုင်ရန် အဆိုပြုပေးရမည်ဖြစ်ပါသည်။ အကြံပြုထားသော ပြိုင်ပွဲဝင်ရမည့်နယ်ပယ်များမှာ စီးပွားရေး၊ စိုက်ပျိုးရေး၊ ခရီးသွား၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် Medical Services၊ ပတ်ဝန်းကျင်၊ ပညာရေး၊ ရေ၊ Smart မြို့တော်နှင့် Smart Campus (စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ လုံခြုံရေး အပါအဝင်) နှင့် စွန့်ဦးတီထွင်မှု စသည်တို့ဖြစ်ပါသည်။

၄။ သို့ဖြစ်ရာ ပြိုင်ပွဲဝင်လိုသည့် ကျောင်းသား၊ ကျောင်းသူများသည် အမည်၊ ခုံအမှတ်၊ အထူးပြုဘာသာရပ်၊ email၊ ဖုန်းနံပါတ် နှင့် ဦးဆောင်ပါဝင်မည့် ဆရာ၊ ဆရာမများ သည် အမည်၊ ရာထူး၊ ဌာန၊ email၊ ဖုန်းနံပါတ် တို့ကို ဖော်ပြ၍ ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) ဌာနမှူး(သင်တန်း) ၏ မေးလ် thandarkhine@ucssittway.edu.mm နှင့် ကျောင်းသားရေးရာဌာန၏ မေးလ် studentaffairs@ucssittway.edu.mm တို့သို့ ၁၅-၁၀-၂၀၂၀ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ပါရန် အသိပေးအပ်ပါသည်။

၅။ ပြိုင်ပွဲအသေးစိတ်ကို ပြိုင်ပွဲဝင်မည့်သူများအား ဆက်လက် ပေးပို့မည်ဖြစ်ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်