Chat with us, powered by LiveChat

အာဆီယံ-အီတလီ ကျောင်းသားကျောင်းသူများညီလာခံ

အာဆီယံ-အီတလီ ကျောင်းသားကျောင်းသူများညီလာခံကို (၇-၄-၂၀၂၁) ရက်နေ့မှ (၈-၄-၂၀၂၁) ရက်နေ့အထိကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ညီလာခံမကျင်းပမီ လေ့ကျင့်ရေး အစည်းအဝေးလေးကြိမ်ကို ၂၀၂၁ မတ်လတွင် ကျင်းပရန်ရည်ရွယ်ထားပါသည်။

အဆိုပါ ညီလာခံနှင့်လေ့ကျင့်ရေးအစည်းအဝေးများသို့ အာဆီယံတစ်နိုင်ငံချင်းစီမှ အခြေခံပညာအထက်တန်းအဆင့်နှင့် အင်္ဂလိပ်ဘာသာကျွမ်းကျင်စွာပြောဆိုနိုင်သူ ကျောင်းသား ကျောင်းသူ (၆)ဦးစီပါဝင်တက်ရောက်ရန် Golbal Action မှ ဖိတ်ကြားလာပါသဖြင့်   အောက်ပါသတ်မှတ်ချက် ကိုက်ညီသူများ စာရင်းပေးသွင်း နိုင်ပါကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ အကြောင်းကြားလာပါသည်။

သို့ဖြစ်ပါ၍ ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)မှ သတ်မှတ်ချက်ကိုက်ညီသူများ လျှောက်ထား လိုပါက ဒေါ်သန္တာခိုင်၊ ဌာနမှုး(သင်တန်း) ဖုန်း ဝ၉-၂၅၀၉၅၅၂၂၀ ထံသို့ ၂၈-၈-၂၀၂၁ ရက်နေ့ မွန်းလွဲ (၃) နာရီနောက်ဆုံးထား၍ စာရင်းပေးသွင်းပါရန်အသိပေးပါသည်။

(က) ပထမနှစ်နှင့် ဒုတိယနှစ် ကျောင်းသား၊ ကျောင်းသူ

(ခ) အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံသားဖြစ်သူ

(ဂ) အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုအဆင့် အနည်းဆုံး B1 Level ရှိသူ

(ဃ) နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ (အထူးသဖြင့် အာဆီယံရေးရာများ) ကို အထူး စိတ်ဝင်စားသူ

(င) ခေါင်းဆောင်မှုနှင့်အဖွဲ့လိုက်လုပ်ဆောင်နိုင်မှုအားကောင်းသူ

(စ) ညီလာခံမှ ပြုလုပ်မည့် အစည်းအဝေးများအားလုံးသို့ ပါဝင်တက်ရောက်နိုင်သူ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်