ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ၁၅-၇-၂၀၂၂ ရက်နေ့ နံနက်ပိုင်းက ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)၊ စုဝေးခန်းမ၌ကျင်းပရာ ဦးစွာ ကြွရောက်တော်မူလာကြသည့် ဆရာတော်သံဃာတော်များထံမှ ဒုတိယပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများက ငါးပါးသီလခံယူဆောက်တည်ကြပြီး မေတ္တာသုတ်ပရိတ်တရာတော်များနာယူကြပါသည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်တို့အား ဒုတိယပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်း၍ အနုမောဒနာတရားနာကြားပြီး ရေစက်သွန်းချ အမျှဝေကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်တို့အား ဒုတိယပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများကနေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး တရားနာ ဧည့်ပရိတ်သတ်များအား နေ့လယ်စာဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်းသိရှိရပါသည်။























































































