Chat with us, powered by LiveChat

တိုင်းရင်းသား လူငယ်များအတွက် အခြေခံကွန်ပျူတာ သင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသား လူငယ်များအတွက် အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့(၉-၁၁-၂၀၂၃) နံနက်ပိုင်းက စစ်တွေမြို့ ၊ ခိုင်သဇင်ခန်းမတွင်းကျင်းပပြုလုပ်ရာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ရခိုင်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ နှင့်သင်တန်းသား တက်ရောက်ကြပါသည်။ ပထမဦးစွာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးထိန်လင်းက သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းထူးချွန်ဆုရရှိသူများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။ တိုင်းရင်းသားရေးရာဝန်ကြီးက သင်တန်းနည်းပြ ဆရာမများကိုယ်စား ဆရာမတစ်ဦးကို ဂုဏ်ပြုလက်မှတ် ပေးအပ်ခဲ့ပြီး၊  ပြည်နယ်ဥပဒေချုပ်က သင်တန်းဆင်းသင်တန်းသားများ ကိုယ်စားသင်တန်းသားတစ်ဦးကိုလည်းကောင်း၊ ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)၊ ဒုတိယပါမောက္ခချုပ်က သင်တန်းဆင်းသင်တန်းသူများ ကိုယ်စား သင်တန်းသူတစ်ဦးကိုလည်းကောင်း သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။  ထို့နောက် သင်တန်းသားသင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာအခမ်းအနားကို အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းသား သင်တန်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်