Chat with us, powered by LiveChat

အာဆီယံ လူငယ်များအတွက် ဒစ်ဂျစ်တယ်နည်းပညာမြှင့်တင်ရေးအစီအစဉ် (ASEAN Youth for Digital Action –AYDA) သို့ လျှောက်ထားနိုင်ပါကြောင်း

အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် အင်ဒိုနီးရှားနိုင်ငံ၊ လူငယ်နှင့် အားကစားဝန်ကြီးဌာနတို့မှ ကြီးကမှူး၍ ၂၀၂၃ ခုနှစ်၊ အာဆီယံလူငယ်စကားဝိုင်း၏ နောက်ဆက်တွဲ အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အစီအစဉ်တစ်ခုဖြစ်သည့် အာဆီယံ လူငယ်များအတွက် ဒစ်ဂျစ်တယ်နည်းပညာမြှင့်တင်ရေးအစီအစဉ် (ASEAN Youth for Digital Action –AYDA) သို့ အသက်(၁၈)နှစ်မှ (၃၀)နှစ်အကြားရှိ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၊ အလုပ်အကိုင် မရရှိသေးသူများ၊ ကိုယ်ပိုင်လုပ်ငန်း ဆောင်ရွက် နေသူများအပြင် ဝင်ငွေနည်းပါးသူများ၊ ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းမှုကို ခံစားနေရသူများနှင့် ထိခိုက်လွယ်အုပ်စုများမှ လူငယ်ကိုယ်စားလှယ်များ ပါဝင်လျှောက်ထားနိုင်ပါသည်။

အစီအစဉ်ဆောင်ရွက်မည့်ကာလမှာ (၅)နှစ်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ ဆောင်ရွက်သွားမည်ဖြစ်သည်။ ပါဝင်မည့်လူငယ်ကိုယ်စားလှယ်များအနေဖြင့် ASEAN Digital Champion (ADC)၊ AWS re/Start for ASEAN Youth နှင့် Orbit Job Readiness for ASEAN Youth စသည့် ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ အစီအစဉ်များအနက်မှ မိမိကြိုက်နှစ်သက်ရာ အစီအစဉ်များကို ရွေးချယ်၍ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို http://www.ayda.ief.co.id သို့ ဝင်ရောက်ကြည့်ရှု၍ အမည်စာရင်းပေးသွင်းနိုင်ပါသည်။

ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) မှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်လျှောက်ထားနိုင်ပါကြောင်းနှင့် လျှောက်ထားပြီးပါက ကျောင်းသားရေးရာဌာနသို့ အချိန်မီ အကြောင်းကြားပါရန် အသိပေးအပ်ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်