Chat with us, powered by LiveChat

မျှော်မှန်းချက်နှင့် လုပ်ငန်းတာဝန်များ

ရည်မှန်းချက် နှင့်တာ၀န်

ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအဖြစ် ပုံဖော်နိုင်စွမ်းရှိ၍ လူ့အဖွဲ့အစည်းက အစဉ်အားကိုးတန်ဖိုးထားရာ ကွန်ပျူတာနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ ပညာရပ်ဝန်းကျင် ကောင်းများ ဖန်တီးနေသော နိုင်ငံတကာအသိအမှတ်ပြု  တက္ကသိုလ် ဖြစ်စေရန် ရည်မှန်း ဆောင်ရွက်ရန် ဖြစ်ပါသည်။

တက္ကသိုလ်၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်သည် –

(က) ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံလူငယ်များအား ကွန်ပျူတာပညာရပ်နှင့် သတင်း အချက်အလက်ဆက်သွယ်ရေးနည်းပညာအား ပိုမိုစိတ်ဝင်စားမှု၊ လေ့လာမှု တိုးတက်ပြီး မိမိတို့ဒေသအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်နှင့် ရခိုင်ပြည်နယ် လူမှုစီးပွား ရေး ဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်ရန်

(ခ)       ရခိုင်ပြည်နယ်အတွင်းရှိ လုပ်ငန်းနယ်ပယ် အသီးသီးတွင် ကွန်ပျူတာ ပညာရပ်နှင့် သတင်းအချက်အလက်ဆက်သွယ်ရေးနည်းပညာအသုံးချမှု့ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်လာစေရန် နိုင်ငံတော် အတွင်း ခေတ်နှင့်အညီ ကွန်ပျူတာပညာ ဖွံ့ဖြိုးတိုးတက် လာစေရေး အတွက် ဆောင်ရွက်ရန်

 (ဂ) ကွန်ပျူတာပညာရပ်နှင့် သတင်းအချက်အလက် ဆက်သွယ်ရေးနည်းပညာဖြင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေးနှင့် ပညာရေးကဏ္ဍ အပါအဝင် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် အခွင့်အလမ်း များ ပိုမိုရရှိ လာစေရန်။

(ဃ) နိင်ငံတကာတွင် ဖွံ့ဖြိုးတိုးတက်လျက်ရှိသော ကွန်ပျူတာပညာနှင့် သတင်း အချက်အလက် ဆက်သွယ်ရေး ပညာရပ်များကို လေ့လာဆည်းပူး၍ ရခိုင်ပြည်နယ်နှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အတွက် အကျိုးအရှိဆုံး အသုံးချနိင်ရန်၊

(င) ကွန်ပျူတာပညာနှင့် သတင်းအချက်အလက်ဆက်သွယ်ရေး ပညာရပ်များနှင့် ပတ်သက်သော သုတေသနလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်။

တက္ကသိုလ်၏ လုပ်ငန်းတာဝန်များမှာအောက်ပါအတိုင်းဖြစ်သည်-

(က) ဗလငါးတန်ပြည့်စုံသည့် အဆင့်မီ သတင်းအချက်အလက် နည်းပညာဆိုင်ရာ ပညာရှင်များကို မွေးထုတ်ပေးနိုင်မည့် ပညာရေး စနစ်ကို ဖော်ဆောင်ရန်၊

(ခ) တက္ကသိုလ်တစ်ခု၏ လုပ်ငန်းတာဝန်များဖြစ်သော သင်ကြားရေးလုပ်ငန်း၊ သုတေသန ပြုရေးလုပ်ငန်းနှင့် သုတေသနတွေ့ရှိချက်များကို ဖြန့်ဝေခြင်း လုပ်ငန်းများကို စနစ်တကျ စီမံ ဆောင်ရွက်သွားရန်၊

(ဂ) ဒေသတွင်းနှင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက် ရန်၊

(ဃ) လွတ်လပ်၍တက်ကြွသည့် တက္ကသိုလ်ဝန်းကျင်တစ်ခုပေါ်ထွန်းလာစေရေး ဆောင်ရွက်ရန်၊

(င) တက္ကသိုလ်မှ မွေးထုတ်သည့် သတင်းအချက်အလက်နည်းပညာရှင်များအတွက် အလုပ်အကိုင် အခွင့်အလမ်းနှင့် စဉ်ဆက်မပြတ် ပညာဆည်းပူးနိုင်ခွင့် အခွင့်အရေးများ ရှိစေရန် စီမံ ဆောင်ရွက်ရန်၊

(စ) တက္ကသိုလ်ဝန်ထမ်းများ၏ အရည်အသွေးမြှင့်တင်နိုင်ရေးကို အထောက်အကူ ပြုမည့် လူမှုဘဝ မြှင့်တင်ခြင်းကိုအလေးထားဆောင်ရွက်ရန်၊

(ဆ) တက္ကသိုလ်က ရှေးရှုဆောင်ရွက်ရမည့် အဓိကရည်မှန်းချက်များကို ပြီးမြောက် အောင်မြင်စေရေးအတွက် လိုအပ်သော အခြားကိစ္စ အရပ်ရပ်ကို ဆောင်ရွက်ရန်၊

(ဇ) တက္ကသိုလ်ပညာရေးဆိုင်ရာစာမေးပွဲများ ကျင်းပရန်၊

(ဈ) တက္ကသိုလ်ဘွဲ့များ၊ ဒီပလိုမာလက်မှတ်များ၊ တက္ကသိုလ်စာမေးပွဲ အောင်လက်မှတ်များနှင့် တက္ကသိုလ်ဆိုင်ရာ အခြားပညာဂုဏ်ထူးဆောင်ဘွဲ့များ အပ်နှင်းချီးမြှင့်ရန်၊