အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၄၊ ပုဒ်မခွဲ (ဆ) ပါ “နိုင်ငံသားတိုင်း ပညာ သင်ယူခွင့် ရရှိပြီး ဘဝတစ်လျှောက် စဉ်ဆက်မပြတ် လေ့လာသင်ယူနိုင်သော ပညာရေး အခွင့်အလမ်းများ ဖန်တီးပေးရေး၊” ဟူသည့် ရည်မှန်းချက်ကို ဖြည့်ဆည်းနိုင်ရန်နှင့် ကွန်ပျူတာပညာရပ်နှင့် ရခိုင်ပြည်နယ်အတွင်း လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေးနှင့်ပညာရေးကဏ္ဍ အပါအဝင် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် အခွင့်အလမ်းများ ပိုမိုရရှိလာစေရန် သတင်းအချက်အလက် ဆက်သွယ်ရေးနည်းပညာ တတ်မြောက် ကျွမ်းကျင်သောသူများ ပိုမိုမွေးထုတ်နိုင်စေရန် ရည်ရွယ်၍ ကွန်ပျူတာ တက္ကသိုလ်(စစ်တွေ) အနေဖြင့် ဘွဲ့လွန် ကွန်ပျူတာသိပ္ပံဒီပလိုမာ (Diploma in Computer Science – D.C.Sc.) သင်တန်း ဖွင့်လှစ် သင်ကြားပို့ချလျက်ရှိပါသည်။ သင်တန်းမှာ အချိန်ပိုင်း (စနေ၊ တနင်္ဂနွေ) ဖြစ်ပြီး သင်တန်းကာလမှာ (၂) နှစ်ဖြစ်ပါသည်။